FAQ

အိမ်လိုချင်သူများ CHD ဘဏ်တွင် Housing Saving A/C ဖွင့်ရန်ငွေများစတင်စုထားသင့်ပါသည်။လက်ငင်းဝယ်လိုသူများအတွက်တော့ DUHD ၏စည်းမျဉ်းစည်းကမ်းအတိုင်း DUHD သို့အိမ်ခန်းများရောင်း ချသော ကြော်ငြာထွက်လာသောအခါ လမ်းညွှန်ချက်အတိုင်း ဆောင်ရွက်နိုင်ပါသည်။

အိမ်၏အကျယ်အဝန်းမှာ အိမ်၏တန်ဖိုးနှင့်အညီဖြစ်ပါမည်။ 450sqft မှ 600sqft လောက်ရှိမည်ဟု သိထားပါသည်။ အဆောက်အဦး၏တည်နေရာနှင့်လည်းဆက်စပ်၍ တန်ဖိုးကွာခြားနိုင်ပါသည်။

၎ ထပ်မှ ၅ ထပ်အောက်တည်ဆောက်သွားမည်ဖြစ်ကြောင်းသိထားပါသည်။

Commercial Loan အခြေခံဖြင့်ချေးယူရန်ရနိုင်ပါသည်။ Collateral ဖြင့်ချေးပေးမည်ဖြစ်ပြီး ချေးငွေ ကော်မတီနှင့် BOD ခွင့်ပြုချက်ဖြင့်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

ဘဏ်မှာ ငွေစုတဲ့သူတွေကို ဦးစားပေးဆောင်ရွက်ပေးသွားမှာပါ။

ဧရာဝဏ်/ ရတနာအိမ်ရာ ရောင်းချနေပါပြီ၊ ဒဂုံဆိပ်ကမ်း၊ လှိုင်သာယာ နှင့်မန္တလေး မှာလဲရှိပါတယ်တန်ဖိုးနည်းအိမ်ရာတွေပါ၊ ၁၀၀ ဝန်းကျင်လောက်ရှိပါတယ်

သီးခြားအာမခံမူအားဖြင့် ချေးနိုင်ပါတယ်။ ချေးငွေကော်မတီ၏အတည်ပြုချက်နှင့် BOD ခွင့်ပြုချက် ဖြင့်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။